Facebook အသုံးပြုသူများအတွက် Tips ( ၇ ) ခု

Facebook အသုံးပြုသူများအတွက် Tips ( ၇ ) ခု
==========================

-Facebook Inbox
-သင့်အကောင့်ထဲ ခိုးဝင်သူများကို စစ်ဆေးပါ။
-သင်နဲ့ သင့်ချစ်သူရဲ့ အသေးစိတ်အချက်အလက်များကို ကြည့်ပါ။
-ဖိုင်များကို FB Chat မှ ပေးပို့ ရယူပါ။
-Public Content များကို Embed လုပ်ပါ။
-Secret Emoji များကို အသုံးပြုပါ။
-သင့်ရဲ့ News Feed ကို ရှင်းလင်းပါ။
=========================
Facebook က သူ့ရဲ့ အသုံးပြု သူများကို ပျင်းရိခြင်း မရှိရ လေအောင် စွမ်းဆောင်ချက် များစွာကို ထည့် သွင်းပေး ထားပါတယ်။ အဲဒီ စွမ်းဆောင်ချက် များစွာ ထဲမှာ ကိုပဲ တစ်ချို့ကို ထင်သာ မြင်သာ ရှိအောင် ပြု လုပ်ပေး ထားပြီး တစ်ချို့ကို ကွယ်ဝှက်ပြီး ထည့်သွင်းပေး ထားပါတယ်။ အဲဒီ အချက်ကပဲ Facebook ကို လူတွေ နေ့စဉ် စွဲစွဲ လမ်းလမ်း အသုံးပြုနေ စေတဲ့ အချက် တစ်ချက် ဖြစ်စေ ပါတယ်။ အဲဒီ စွမ်းဆောင်ချက် တွေထဲက လူသိပ် မသိဘဲ အသုံးဝင်တဲ့ စွမ်းဆောင်ချက် အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
Facebook Inbox
Facebook ကို အသုံးပြု လာတာ ကြာလာတာနဲ့ အမျှ “ Other “ messages folder မှာ မဖတ် ရသေးတဲ့ unread messages တွေများပြား လာမှာပါ။ “Other” messages folder ဆိုတာ ကတော့ သင်ရဲ့ သူငယ်ချင်းတွေ မဟုတ်တဲ့ အခြား လူတွေက ပေးပို့ ထားတဲ့ messages တွေ ဖြစ်ပါတယ်။ အဲဒီ messages တွေကို ကြည့်ဖို့ အတွက် ဘယ်ဘက်ကော်လံမှ messages link ကို နှိပ်ပြီး နောက် စာမျက်နှာ ပေါ်လာရင် Inbox ရဲ့ ညာဘက် ဘေးမှ Other ကိုနှိပ်ရမှာ ဖြစ်ပါတယ်။ အဲဒီ “ Other “ messages folder ထဲကို စာဝင် လာရင် Facebook က သင့်ထံ Notification ပေးပို့ခြင်း မရှိတဲ့ အတွက် သင်မသိနိုင်တာ ဖြစ်ပါတယ်။

သင့်အကောင့်ထဲ ခိုးဝင်သူများကို စစ်ဆေးပါ။
သင်မသိဘဲ သင့် အကောင့်ထဲ ခိုးဝင် သူများကို စစ်ဆေး ချင်ရင် settings ထဲသွားပါ။ Security ကဏ္ဍအောက်မှ “ Where You’re Logged In.” ထဲသွားပါ။ အဲဒီမှာ သင့်အကောင့်ထဲ ၀င်ရောက် ထားတဲ့ ဒတ်စတော့နဲ့ မိုဘိုင်း ကိရိယာ အားလုံးကို ပြသပေး ထားပါတယ်။ ကိရိယာ အမျိုးအစား၊ တည်နေရာ၊ ဘရောက်စာ စတဲ့ သတင်း အချက် အလက်တွေကို ပံ့ပိုးပေး ထားပါတယ်။ သင်ပိုင်ဆိုင်ခြင်း မရှိတဲ့ ဒါမှမဟုတ် သံသယ ဖြစ်ဖွယ်ရှိတဲ့ ကိရိယာ များကနေ သင့် အကောင့်ကို log out လုပ်ဖို့ အတွက် ‘ end activity ‘ ကို နှိပ်ပါ။ ထိပ်ဆုံးမှ ‘ end all activity ‘ ကို နှိပ်ပြီး ကိရိယာ အားလုံးကနေ သင့်အကောင့်ကို log out လုပ်နိုင် ပါတယ်။

သင်နဲ့ သင့်ချစ်သူရဲ့ အသေးစိတ်အချက်အလက်များကို ကြည့်ပါ။
သင်နဲ့ သင့်ချစ်သူရဲ့ Facebook History အသေးစိတ်ကို ကြည့်ချင်ရင် www.facebook.com/us ကိုသွား ပါ။ အဲဒီ စာမျက်နှာမှာ သင်နဲ့ သင့်ချစ်သူ အတူတကွ မျှဝေထားတဲ့ ပို့စ်အားလုံးကို တွေ့ရမှာ ဖြစ်ပါတယ်။ သင့်ရဲ့ relationship မှာ သင့်ချစ်သူကို ထည့်ထားခြင်း မရှိရင်တော့ Facebook က သင်နဲ့ ပတ်သက်တဲ့ စာမျက်နှာ ကိုသာ ပြသပေးမှာပါ။

ဖိုင်များကို FB Chat မှ ပေးပို့ ရယူပါ။
FB Chat ၀င်းဒိုးကိုဖွင့်လိုက်ပါ။ ၀င်းဒိုးရဲ့ ညာဘက်အပေါ်ထောင့်မှ gear icon ကိုနှိပ်ပြီး “ Add Files…” ကို နှိပ်ပါ။ ဒါဆိုရင် သင့်သူငယ်ချင်းထံ ဖိုင်များ ပေးပို့နိုင်ပါပြီ။ လက်ခံရရှိသူက လင့်ကို နှိပ်ပြီး ဒေါင်းလုပ် ရယူနိုင်ပါတယ်။

Public Content များကို Embed လုပ်ပါ။
Public အနေနဲ့ မျှဝေထားတဲ့ ပို့စ်တွေကို သင့်ရဲ့ ၀က်ဆိုက် ၊ ဘလော့မှာ ထည့်သွင်းနိုင်ပါတယ်။ ပို့စ်ရဲ့ ညာဘက်ထိပ်မှ မျှားကို နှိပ်ပြီး Embed Post ကို ရွေးပေးပါ။ ရရှိလာတဲ့ ကုဒ်တွေကို သင့် ၀က်ဆိုက်ရဲ့ post editor မှာ ထည့်သွင်းနိုင်ပါတယ်။

Secret Emoji များကို အသုံးပြုပါ။
Facebook က သူ့ရဲ့ လူမှု ကွန်ရက်မှာ Emoji များစွာကို အသုံးပြုခွင့် ပေးထား ပါတယ်။ Emoji များကို ပို့စ်၊ ချက်နဲ့ ကွန်းမန့် များမှာ ထည့်သွင်း နိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့ Emoji များကိုတော့ မိုဘိုင်းဖုန်း ကနေ ကြည့်ရှုလို့ မရ တတ်ပါဘူး။ FB Emoji များစွာကို အောက်ပါ လင့်မှာ ရှာဖွေ နိုင်ပါတယ်။
 http://goo.gl/U7LfR2 

သင့်ရဲ့ News Feed ကို ရှင်းလင်းပါ။
သင့်ရဲ့ News Feed မှာ ခင်မင် ရင်းနှီးခြင်း မရှိတဲ့ သူငယ်ချင်း တွေနဲ့ နှစ်သက်ခြင်း မရှိတဲ့ Pages များမှ ပို့စ်များကို မကြာခဏ မြင်တွေ့ ရရင်တော့ News Feed ကို ရှင်းလင်း သင့်ပါတယ်။ ဘယ်ဘက် ကော်လံမှ News Feed ပေါ်မှာ mouse cursor တင်ပါ။ Gear icon ပေါ်လာရင် နှိပ်ပါ။ “ Edit Preferences” ကို နှိပ်ပါ။ ၀င်းဒိုး တစ်ခု ပေါ်လာပြီး Summary ကဏ္ဍမှာ သင် အများဆုံး တွေ့မြင်လေ့ ရှိတဲ့ ပို့စ်တွေကို တင်တဲ့ သူငယ်ချင်းနဲ့ Pages များကို ပြသ ပေးမှာပါ။ မမြင်ချင်တဲ့ လူတွေ ၊ Pages တွေကို Unfollow လုပ်ဖို့ Follow ခလုတ်ကို တစ်ချက် နှိပ်ပါ။ အဲဒီ နည်း အတိုင်းပဲ People, Pages, Groups သီးခြား ကဏ္ဍတွေ မှာလည်း ပြုလုပ်နိုင် ပါတယ်။


Leave a Reply

    " လာ ရောက် လည် ပတ် ကြ သူ ..."
    "ညီ အ ကို မောင် နှ မ အား လုံး... "
    " ကျေး ဇူး တင် ပါ သည် ..."