ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းလိုလိုပင် ယခုအခါတွင် ခုနစ်ရက်တပတ်လျှင် တရက်သက်သက်ကို နေ့အားအဖြစ် သတ်မှတ်ထားလေ့ရှိကြသည်။ ထိုသို့သတ်မှတ်ချက်သည် ရှေးခေတ် အီဂျစ်လူမျိုး၊ ဗက်ဗီလုံးနီးယန်းလူမျိုး၊ ဟိန္ဒူလူမျိုး၊ ပါးရှင်းလူမျိုး၊ ရောမလူမျိုး စသည်တို့ လက်ထက်ကပင် ပေါ်ထွန်းခဲ့သည်။
ထိုသို့ နေ့အား သတ်မှတ်ထားရာတွင် အချို့လူမျိုးများအဖို့ ထိုနေ့သည် အားလပ်ရက်မျှသာမဟုတ်ဘဲ လောကုတ္တရာလမ်းစဉ်ဖြစ်သော အယူဝါဒဆိုင်ရာ ကိစ္စများကို ဆောင်ရွက်ရသော နေ့ထူးနေ့မြတ် ဖြစ်ပေသည်။ ထို့ကြောင့် ထိုကဲ့သို့သောနေ့မျိုးကို သီတင်းနေ့ သို့မဟုတ်-ဥပုသ်နေ့ ဟု ခေါ်ဆိုကြသည်။
အင်္ဂလိပ်၊ အမေရိကန် စသော ခရစ်ယာန် အယူဝါဒီများ၏ ဥပုသ်နေ့မှာ တနင်္ဂနွေနေ့ဖြစ်၏။ ခရစ်ယာန်ဘာသာဝင်များအဖို့ တနင်္ဂနွေနေ့ကို ဥပုသ်နေ့အဖြစ် သတ်မှတ်ရခြင်းမှာ အကြောင်းထူးရှိသည်။
အခြားမဟုတ်၊ ထိုနေ့တွင် ခရစ်တော် ရှင်ပြန်ထမြောက်လာသည်ဟု ခံယူထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ရက်သတ္တတပတ်၏ ပထမနေ့ဖြစ်သော တနင်္ဂနွေနေ့တိုင်းတွင် ခရစ်ယာန်ဘာသာဝင်များသည် ခရစ်ယာန် ဘုရားရှိခိုးကျောင်းများသို့ သွားရောက်၍ ၀တ်တက်ကြလေသည်။
ဗုဒ္ဓဘာသာဝင်များ၌လည်း ဥပုသ်နေ့ဟူ၍ သတ်မှတ်ထားခြင်း ရှိလေသည်။ မြန်မာလဖြစ်သော လပြည့်နေ့၊ လကွယ်နေ့၊ လဆန်း ၈-ရက်၊ လဆုတ် ၈-ရက်နေ့များကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့က ဥပုသ်နေ့ဟူ၍ သတ်မှတ်ကာ ဥပုသ်စောင့်ထိန်းကြလေသည်။
ဘုရားဟော တိကနိပါတ် အင်္ဂုတ္တိုရ်အရ ဥပုသ် သုံးမျိုး ရှိသည်။ ယင်းတို့မှာ-
(၁) ဂေါပါလဥပုသ်
(၂) နိဂဏ္ဍဥပုသ်
(၃) အရိယာဥပုသ် ဟူ၍ ဖြစ်သည်။
(၁) ဂေါပါလ ဥပုသ်-ဆိုသည်မှာ ဥပုသ်သီလကို ဆောက်တည်ပြီးနောက် ရတနာသုံးပါး၏ ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို မအောက်မေ့ မပွားများဘဲ ၀တ်ရေးစားမှု အစုစုတို့ကိုသာ ကြံစည်အောက်မေ့နေသော ဥပုသ်မျိုးဖြစ်သည်။ ထိုဥပုသ်မျိုးသည် အကျိုးပေးနည်းသည်။
(၂) နိဂဏ္ဍ ဥပုသ်-ဆိုသည်မှာ တိတ္ထိတို့ဆောင်သော ဥပုသ်မျိုး ဖြစ်သည်။
ပမာအားဖြင့် မိုင်တရာအတွင်း၌ရှိသော သတ္တ၀ါကိုသာ သတ်ပါမည်-စသည့် သိက္ခာပုဒ်မျိုးကို ဆောက်တည်ခြင်းဖြစ်၏။ ထိုဥပုသ်မျိုးသည် အကျိုးမရှိပေ။
(၃) အရိယာ ဥပုသ်-ဆိုသည်မှာ ဥပုသ်လီလ ခံယူဆောက်တည်ပြီးနောက် နေ့စဉ်ပြုလုပ်နေကျဖြစ်သော အိမ်မှုကိစ္စ၊ အလုပ်တာဝန်များနှင့် အခြားလောကီရေးရာ လုပ်ငန်းဆောင်တာများကို မလုပ်ကြရ။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတို့ကို နှလုံးသွင်းခြင်း၊ ရတနာသုံးပါးတို့၏ ဂုဏ်တော်ကျေးဇူးတော်များကို အောက်မေ့ပွားများခြင်း၊ ဘုရားတရားတော်များကို ဖတ်ကြားခြင်း၊ နာယူခြင်း၊ ပုတီးစိပ်ခြင်း၊ ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းခြင်း၊ မေတ္တာပွားများခြင်း အစရှိသော လောကုတ္တရာကျင့်စဉ်များကို အားထုတ်ကြရပေသည်။
ထိုအရိယာဥပုသ်မျိုးသည်သာ ဘုရားရှင်အလိုတော်ကျ ဖြစ်သည်။ လွန်စွာ အကျိုးရှိသည်။
ထို့ကြောင့် စာချစ်သူတို့သည် ရှစ်ပါးသီလ၊ ကိုးပါးသီလ၊ ၁၀-ပါးသီလဖြစ်သော ဥပုသ်တို့ကို ဆောက်တည်ရာတွင် ဘုရားရှင်၏ အလိုတော်ကျ ဆောက်တည်သင့်ကြောင်း၊ သို့မှသာလျှင် အကျိုးထူးကို အပြည့်အ၀ ခံစားနိုင်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
အရှင်သုမနသာရ(ဖြူး)
Popular Posts
-
ုမြန်မာလူမှုပတ်ဝန်းကျင်မှာ လိင်ဆက်ဆံရေး အကြောင်း ပွင့်လင်းမြင်သာမှု နည်းလွန်းတာကြောင့် သိသင့်သိထိုက်တာကို မသိဘဲ လုပ်ဆောင်မှုတွေကြောင့် ဘ၀ပျက်၊ ...
-
ခတ်ကြီး တခုလုံးရဲ့ အပျက်အစီးမှာ ကျွဲကူးရေပါ အရက်က ယဉ်ကျေးမှုရဲ့ မျက်နှာစာ ဖြစ်လာခဲ့တယ်။ တိုင်းပြည် တဝန်း လမ်းပန်း ဆက်သွယ်ရေး တွေသာ ချောမွေ့ မ...
-
မိန်းမကောင်းအင်္ဂါ (၆၄) ရပ် ================== ယင်းတို့ ကား (၁)ခြေလက္ခဏာ = ၁၃ ရပ် (၂)ကိုယ်လက္ခဏာ = ၁၆ ရပ် (၃)စိတ်လက္ခဏာ = ၆ ရပ် (၄)လက်ဖ၀ါးလ...
-
ကျောက်ကျော - Gelatine ကတွတ်ယို - Kaduk Jam ဖရုံယို - Vegetable marrow/ Candy နှမ်းပျစ်ယို - Sesame brittle မြေပဲယို - Groundnut brittle...
-
ဝေရောစန ကျောက်စိမ်းစေတီတော် ******************** မန္တလေးတိုင်း အမရပူရမြို့နယ် ဆင်ရွာ မြင်းမှူးကျေးရွာ ဆင်ရွာကွင်း ကွင်းအမှတ်( ၆၂၈ ) ရန်ကု...
Labels & Blog Archive
Ebook
(4)
MP3သီချင်းများ
(1)
mp4
(1)
ကဗျာစာစု
(5)
ကျန်းမာရေးဆောင်းပါး
(11)
ဓမ္မဆောင်းပါး
(6)
ဖုန်းapkများ
(10)
ဗဟုသုတ
(36)
Follow by email
GET FREE EMAIL UPDATES
အင်တာနက်စာမျက်နှာများ
TRANSLATE
MEMBER
Powered by Blogger.




