RIPPLE MAKER SYSTEM

ကော်ဖီခွက်ပေါ်မှာ သင့်ရဲ့မျက်နှာကိုပုံဖော်နိုင်မယ့် 
Ripple Maker System

ကော်ဖီပေါ်မှာပုံဖော်ဖို့ဆိုတာ တကယ့်ကိုကျွမ်းကျင်သူတွေပဲ လုပ်နိင်ခဲ့တဲ့
အရာပါ။ အခုတော့ Ripple Maker လိုခေါ်တဲ့ system က ကြိုက်နှစ်သက်
ရာပုံတွေကို ကော်ဖီပေါ်မှာ ပုံဖော်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

ဒီနည်းပညာက 3D နည်းပညာပေါ်အခြေခံထားပြီး ကော်ဖီနဲ့ပဲပုံဖော်တဲ့
နည်းပညာပါ။

ဖုန်းထဲက Ripple App လေးမှာ ကြိုက်တဲ့ဓာတ်ပုံကိုရွေးပြီးရင် Create
ဆိုတာလေးနှိပ်ရုံပါပဲ။ ဓာတ်ပုံတွေကိုတော့ Ripple ရဲ့ Default ပါပြီးသား
ပုံတွေကိုသုံးနိုင်သလို သင့်ဖုန်းထဲက အခြားပုံတွေကိုလည်း အသုံးပြုနိုင်
ပါတယ်။ ပုံတွေကို ပြင်လို့လည်းရပါတယ်။ စာသားတွေလည်း ထပ်ထည့်
လို့ရပါတယ်။ အဲ့ဒိပုံကို ကော်ဖီပေါ်ရောက်ဖို့ ၁၀စက္ကန့်ပဲကြာမှာ ဖြစ်ပါတယ်။

Ripple Maker ရဲ့ အဓိက အချက်တွေကတော့

-8.5 inches x 10.5 inches ရှိတဲ့ Wi-fi နဲ့တွဲဖက်နိုင်တဲ့ပစ္စည်းလေးဖြစ်ပါတယ်။
-Coffe Based Color တွေပဲသုံးလို့ရမှာဖြစ်ပြီး အရောင်စုံတော့မရနိုင်ပါဘူး။
-7' မြင့်ပြီး 4.5' ရှိတဲ့ခွက်စံချိန်စံနှုန်းနဲ့ ပြုလုပ်ထားပါတယ်။
-Ripple ၇ဲ့ Defaut Images ရာပေါင်းများစွာပါဝင်ပါတယ်။
-မိမိရဲ့ပုံ၊မိမိလိုချင်တဲ့ ဒီဇိုင်းကိုလည်း Submit လုပ်ပြီးပေးပို့နိုင်ပါတယ်။

ဈေးနှုန်းကတော့ $999 ရှိတယ်လို့သိရပါတယ်။ ကောင်မလေးကို ရည်းစား
စကားပြောချင်ရင် ကော်ဖီခွက်လေးနဲ့တောင်ပြောနိုင်ပြီဖြစ်ပါတယ်။

Leave a Reply

    " လာ ရောက် လည် ပတ် ကြ သူ ..."
    "ညီ အ ကို မောင် နှ မ အား လုံး... "
    " ကျေး ဇူး တင် ပါ သည် ..."