FBရဲ့Moments App

Facebook က မျက်နှာများကို ခွဲခြမ်းစိတ်ဖြာနိုင်သော နည်းပညာကို အသုံးပြု၍ သင့်ဖုန်း ဓါတ်ပုံများမှ သူငယ်ချင်းများကို ခွဲထုတ်နိုင်ပြီး လွယ်ကူစွာ မျှဝေနိုင်သည့် Moments ဟု အမည်ပေးထားသော App အသစ်တစ်ခုကို မိတ်ဆက်လိုက်ပါသည်။ 

Moments က သင့်ဖုန်း၏ Gallery ကို Scan ပြုလုပ်ပြီး သင့် Facebook သူငယ်ချင်းများကို ရှာဖွေမည် ဖြစ်သည်။ ထို့နောက်တွင် ဓါတ်ပုံများတွင် ပါဝင်သည့် သူငယ်ချင်းများထံ သက်ဆိုင်ရာ ဓါတ်ပုံများကို Private အနေဖြင့် ပေးပို့နိုင်ပါသည်။ ဓါတ်ပုံများကို Private Album တွင် သိမ်းဆည်းနိုင်ပြီး သင်နှင့် လက်ခံရရှိသူ နှစ်ဦးစလုံးက ရယူအသုံးပြုနိုင်ပါသည်။ 

Moments ကို iOS နှင့် Android တို့အတွက် ဖြန့်ချီပေးထားပြီး လက်ရှိတွင် အမေရိကန်တွင်သာ အသုံးပြုနိုင်ပါသေးသည်။

Leave a Reply

    " လာ ရောက် လည် ပတ် ကြ သူ ..."
    "ညီ အ ကို မောင် နှ မ အား လုံး... "
    " ကျေး ဇူး တင် ပါ သည် ..."