စာရင်းကိုင်တစ်ယောက်၏နောင်တ"
သြော်……စာရင်းကိုင်ဘဝ
ကွန်ပြူတာတစ်လုံးနှင့်
Excel စာရင်း
Software သွင်း၍
ဘ၀ဆုံးပြီ။
ဘောင်ချာများနှင့်
ကိန်းဂဏန်းကြား
အမြင်ေ၀၀ါး
ပါဝါပွား၍
လူဖြစ်ရှုံးပြီ။
လကုန်ရက်ဆို
အလုပ်ပို၍
အချိန်ပိုဆင်းရ
လချုပ်နှိပ်စက်
အိပ်ရေးပျက်ပြီ။
နှစ်ကုန်ပြီဆို
ကြောက်အားပို၍
Ground Stock နှင့်
နှစ်ချုပ်များကြား
နှစ်ပါးသွားကာ
လုံးပါးပါးပြီ။
ပြောသည့်စကား
နားမှာခါးကြ
အလုပ်အား၍
ရစ်သည်ထင်သည်
လူမုန်းများလှ
ဤဘ၀ကို
စိတ်ကုန်မိပြီ။
သို့သောငြားလည်း
စဉ်းစားတွေးကြည့်
အဖြေမရှိပဲ
ရွေးချယ်မိသည့်
ဒီအလုပ်ကို
စမိမှတော့
ဆုံးခန်းတိုင်အောင်
လျှောက်ရအုံးမည်
နောင်တတရား
ရင်မှာထားလျက်……
(H.M)





Classic Metal Tincers | Titanium Necklace | Titsanium Art
Titsanium Art · Titsanium Art · titanium grinder Titsanium nano titanium ionic straightening iron Tattoo · Titsanium Tattoo · Titsanium Tattoo · Titsanium titanium frame glasses Tattoo · titanium straightener Titsanium Tattoo ford edge titanium Tattoo.