ဒိဋ္ဌိအယူမှားစွန့် ပယ်ရှားကြ

သဗ္ဗညုတဉာဏ်တော်ရှင် ဗုဒ္ဓမြတ်စွာ ဘုရားသခင်သည် သစ္စာလေး ပါးမြတ်တရား တို့ကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင်မသိ ရှိသေးမီအလောင်း လျာသုမေဓာရှင်ရသေ့ ဘ၀က ဝေနေယျသတ္တဝါတို့၌ ကြီးစွာသော သနား ကြင်နာခြင်း၊ မဟာကရုဏာဖြစ်တော် မူသဖြင့်၊ ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယ တဗျာဒိတ်တော်ကို ခံယူတော်မူခဲ့ ပါသည်။ ထို့နောက် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး၊ ပါရမီ ဆယ်ပါး၊ အပြားသုံး ဆယ်၊ စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါးတို့ကို ဖြည့် ကျင့်ဆည်းပူးတော်မူပြီး အဆုံးဘ၀၌ သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ သဗ္ဗညုဘုရား အဖြစ်သို့ ရောက်တော်မူသည်။ ထိုသဗ္ဗညုဘု ရားရှင်တို့၏ အဆုံးအမတော်သည် သာသ နာတော် ဖြစ်ပါသည်။

ထိုဘုရားရှင်၏ သာသနာတော်အတွင်း ၌ရခဲ့သော လူ့ဘ၀ကိုရရှိခိုက်၊ အသိဉာဏ် နှစ်ပါးနှင့် ပြည့်စုံအောင် ဖြည့်ကျင့်ကြရပါမည်။ ယင်းဉာဏ် ၂ ပါးမှာ ကမ္မဿကတဉာဏ်နှင့် သစ္စာ နုလောမိကဉာဏ်ဖြစ်သည်။ ကမ္မဿ ကတဉာဏ်ဆိုသည်မှာ ကောင်းမှုကို ပြုလျှင် ကောင်းသော အကျိုးကိုရရှိ၏။ မကောင်းမှုကိုပြုလျှင် မကောင်းသောအကျိုးကို ရရှိ၏။ ဒုဂ္ဂတိဘ၀ ရောက်ရ၏ဟု ကံသာလျှင် ကိုယ်ပိုင် ဥစ္စာရှိသည်ဟု ယုံကြည်သော ကမ္မဿက ဉာဏ်ဖြစ်၏။ သစ္စာနုလောမိက ဉာဏ်ဟူသည် မှာ ဒုက္ခသစ္စာ၊ သမုဒ ယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာအား လျော်သော ဝိပဿနာဉာဏ် ဖြစ်လေသည်။

သာသနာပအခါ၌ကား ကမ္မဿတဉာဏ် မျှသာရှိလေသည်။ ထိုဉာဏ်သည် နတ်ဘုံ သုဂတိသို့ရောက်ရှိနိုင် ပေသည်။ ဘုရားမပွင့် သည့်ကာလ များတွင်လည်း ဒါန၊ သီလ၊ သမထ အလုပ်များရှိကြပါသည်။ ထိုကုသိုလ် ကောင်းမှုများကြောင့် လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့သို့ ရောက်ကြရ လေသည်။ မဂ်ဖိုလ်နိဗ္ဗာန်ကိုကား မရနိုင်ကြပေ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကိုရ၍ ကမ္မဿက တဉာဏ်ကို အခြေတည်ပြီး သစ္စာလေးပါးကို သိစွမ်းနိုင်သောသစ္စာနုလောမိကခေါ် ဝိပဿ နာဉာဏ်အားဖြင့် နှစ်မျိုးသည် သံသရာဝဋ် ဒုက္ခမှ ကျွတ်လွတ်ရန် အဓိကအရေးကြီးလှသည့် ဉာဏ်များဖြစ်ပါသည်။ ထိုဉာဏ်နှစ်မျိုး စလုံးပြည့်စုံအောင် ကျင့်ကြံရပေမည်။

သိပဿနာဉာဏ်သည် နိဗ္ဗာန်အကျိုးကို တိုက်ရိုက်ပေးစွမ်းနိုင်ပြီး အမြင့်မြတ်ဆုံး တရားတော်မြတ်ဖြစ်သည်ကား မှန်ပါ၏။ သို့ရာ တွင် ဝိပဿနာအကျိုးကို ရရှိနိုင်ဖို့ရာ ကမ္မဿ ကတသမ္မာဒိဋ္ဌိနှင့် ပြည့်စုံဖို့ရာ အဓိက ဖြစ်ပါသည်။ ကမ္မဿကတသမ္မာဒိဋ္ဌိ အဆင့်ကို ပြည့်စုံထားသူသာ ဈာဏသမ္မာဒိဋ္ဌိအဆင့်ကို ရရှိနိုင်ပါသည်။ ဈာဏသမ္မာဒိဋ္ဌိအဆင့်ကို ရရှိနိုင်ပါသည်။ ဈာဏသမ္မာဒိဋ္ဌိအဆင့်ကို တက် လှမ်းပြီးမှသာ ဝိပဿနာသမ္မာဒိဋ္ဌိအဆင့်သို့ ရောက်ရှိနိုင်ပါသည်။ သိပဿနာသမ္မာဒိဋ္ဌိအ ဆင့်သို့ ရောက်ရှိမှသာ မဂ္ဂသမာဒိဋ္ဌိအဆင့်ကို အပြီးသတ် ရောက်ရှိတော့သည်။ ထို့ကြောင့် အထူးသဖြင့် ဓမ္မရိပ်သာတို့တွင် လုံ့လ၊ ဝိရိယ အထူးစိုက်ထုတ်ကြလျက် ဝိပဿနာ တရား တော်မြတ်ကို ကြိုးစားအားထုတ်လျက် ရှိကြ ကုန်သော ယောဂီအပေါင်းတို့သည် အကြောင်း အလိုက် အကျိုးဖြစ်ရသော ကမ္မဿကတာ သမ္မာဒိဋ္ဌိအခြေခံတရားကို စွဲမြဲစွာယုံကြည် လျက် ခိုင်မာစွာ သဒ္ဓါတရားဖြင့် ပြည့်ဝနေ သော ယောဂီဖြစ်မှသာ ရှေ့ခရီးစဉ်ကိုအဆင့် လိုက် တက်ရောက်လျှောက်လှမ်းနိုင်စွမ်းမည့် အခွင့်အရေးကို ရရှိကြပါမည်။ အကြောင်း အကောင်းအဆိုးအလိုက် အကျိုးအကောင်း အဆိုးတို့သည် နိယာမတရားနှင့်အညီ ဖြစ်ပေါ် နေစမြဲဖြစ်သည်။

သတ္တဝါတစ်ဦးတစ်ယောက်၏ကံ ကြမ္မာ အကောင်းအဆိုး ဆင်းရဲချမ်း သာအဖြဖြာတို့ ကို မည်သူတစ်ဦးတစ်ယောက်မျှ ဖန်တီးချယ် လှယ်နိုင်ခြင်းမရှိပါ။ သတ္တဝါတိုင်းသည် သူတို့ ၏ ဘ၀အသီးသီးအတွက် ဆင်းရဲချမ်းသာ အရေးအရာမှန်သမျှကို သူတို့ကိုယ်စီ ကိုယ်ငှ ကသာ ဖန်တီးရှင်များဖြစ်ကြပါသည်။ ထို့ ကြောင့် မည်သူမပြုမိမိ၏ အမှုကိစ္စ၊ မိမိ၏ဆောင်ရွက်ချက်များသာ ဖြစ်၏။ မိမိတို့ရရှိကြ သော အကောင်းအဆိုး၊ အကျိုးအပြစ်ဟူသမျှ တို့မှာ မိမိကိုယ်တိုင်ကျင့်သုံးဆောင် ရွက်ခဲ့ သော ကံသုံးပါးတို့၏ သင်္ခါရအ မှုအလုပ်တို့ သာဖြစ်ကြသည်။ ထို့ကြောင့် မကောင်းလည်း ငါ၊ ကောင်းလည်းငါ ဟု စိတ်ဝယ်စွဲမြဲ ဆုံး ဖြတ်ထားကြရန် လိုပါသည်။

မိမိတို့၏ ထေရဝါဒဗုဒ္ဓဘာသာ နိုင်ငံတော်ကြီးတွင် လူ့ဘ၀ကိုလည်းရကြ၍ သာသနာ တော်မြတ်ကြီးနှင့်ကြုံ ကြိုက်သဖြင့် ထူးခြား သော ကုသိုလ် ကောင်းမှုရှင် ဗုဒ္ဓဘာသာဝင် သူတော်စင်များဖြစ်သည့်အားလျော်စွာ အလှူဒါနနှင့်သီလသမာဓိလောက်နှင့်သာ ရောင့် ရဲကျေနပ်မနေကြဘဲ ကိုယ်တိုင် ကျင့်မှကိုယ်တိုင်သိရှိ အကျိုးခံစားရမည်ဖြစ်သော မဂ်ဖိုလ် နိဗ္ဗာန်ရောက် ကြောင်း သစ္စာနုလောမိကဝိပ ဿနာ ဉာဏ်ရရှိဖို့ ကြိုးစားကြရပါမည်။ မြတ် စွာဘုရားရှင်က ငါဘုရား၏ သာသနာ ကား သမာဓိသာလျှင် အနှစ်သာရရှိသော သမာဓိ သာသနာမဟုတ်။ သမာဓိသာလျှင် ရဟန်း ကိစ္စပြည့်စုံခြင်း ရှိသောသာသနာမဟုတ်၊ စင် စစ်မှာမူ ဝိပဿနာပညာ၊ မဂ်ပညာ၊ ဗိုလ်ပ ညာ သာလျှင် ရဟန်းကိစ္စအဆုံးရောက်သော သာသနာဖြစ်သည်ဟု မိန့်ကြားတော်မူပါသည်။

ဗုဒ္ဓမြတ်စွာဘုရားသခင်သည် သံသရာဝဋ် ဆင်းရဲဒုက္ခအပေါင်းတို့မှလွတ် မြောက်ရာအ မှန်၊ မဂ်ဗိုလ်နိဗ္ဗာန်သို့ ရောက်ရာရောက်ကြောင်း၊ တစ်ခုတည်း သော တစ်ကြောင်းတည်းသော၊ တစ်လမ်းတည်းသောလမ်းသည် သတိပဋ္ဌာန် အကျင့်ဖြင့် ရယူအပ်သော ဝိပဿနာဘာဝနာ ပညာသာလျှင်ဖြစ်ကြောင်းကို မြတ်ဗုဒ္ဓဘုရား သည် အကြိမ်ကြိမ်အထပ်ထပ် သတိပေးဟော ကြား မိန့်မှာတော်မူခဲ့ပါသည်။ ထိုတရားတော်မြတ်သည် ဒုက္ခသစ္စတရားသာ အတိလွှမ်း မိုးခြင်းခံနေကြရသည်။ သောကစိုးရိမ်၊ ထိတ်လန့်ပူဆွေးငိုကြွေးရခြင်း၊ ပဋိသန္ဓေဖန်ဖန် အထပ်ထပ် နစ်မွမ်းနေကြရသည့် ဒုက္ခသစ္စာ တရား မှ လွတ်မြောက်စေဖို့အပြင် သံသရာကြဉ်လည်ရခြင်း၊ ဆင်းရဲအပေါင်းမှ ကျွတ်လွတ် ၍ မဂ်ဖိုလ်ချမ်းသာအစစ် အမှန်ကို ဧကန်ရရှိ စေမည့် တရားတော်မြတ်ဖြစ်သည်၏ဟု တိုက်တွန်း မှာကြားတော်မူခဲ့သည်။

သံသရာဝဋ်ဆင်းရဲဒုက္ခအပေါင်းတို့မှ လွတ် မြောက်ဖို့ရာအရေးတွင် ကံသုံးပါးဖြင့် မိမိ ကိုယ်တိုင်ပြုခဲ့သော သင်္ခါရအမှုအကြောင်း ပြုချက်ကြောင့် ဖြစ်ပေါ်လာသော လောကဓံအကောင်း ချမ်းသာခြင်းနှင့် လောကဓံအဆိုး ဆင်းရဲခြင်းများအပေါ် ကမ္မဿကဉာဏ်ဖြင့် ဆင်ခြင်နှိုင်းဆခြင်းမပြုကြဘဲ ရရှိဆဲ ချမ်းသာ သုခကို ဆထက်တန်ဖိုးတိုး ပွားရေးနှင့် တွေ့ ကြုံခံစားနေရသည့် ရာထူးဂုဏ်သိမ် စည်းစိမ် ဥစ္စာ၊ လူမှုရေးကိစ္စအဝ၀၊ ကျန်းမာရေးပျက်ပြား နေရသည့် ဒုက္ခမှအစ ဒုက္ခပေါင်း သောင်းခြောက်ထောင်မှ လွတ်မြောက် ရေးအတွက် အကုသိုလ်လောကဇောဖြင့် ဗေဒင်ဆရာ၊ မနောဆရာ၊ နတ်ဆရာ၊ ဘိုးတော်၊ မယ်တော်၊ ပျောက်စေဖြစ်စေ၊ ပိုင်စေ၊ နိုင်စေ ယတြာ ဂိုဏ်းဆရာများထံ အမြန်ချဉ်းကပ်ပြီး ပါပဓာတ် ဖြင့် ဒုက္ခသစ္စာတရားကိုချေ ဖျက်ရန် ဆောင် ရွက်နေကြခြင်းသည် ကမ္မဿကတာသမ္မာ ဓိဋ္ဌိအယူမှန်ကို ချေဖျက်သောကြောင့် မိစ္ဆာ ဒိဋ္ဌိဘ၀သို့ ရောက်ရှိသွားကြခြင်းဖြစ်သည်။

ဤထေရဝါဒ မြန်မာနိုင်ငံတွင် မိစ္ဆာဒိဋ္ဌိအယူများ မည်မျှအထိကြီးစိုး လွှမ်းမိုးနေပြီ ဖြစ်သည်ကို သံဃနာယက ဆရာတော်ကြီးများနှင့် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူအပေါင်း တို့ သတိပြုကြ ပြီး ထေရဝါဒအယူဝါဒအမှန်ကို ကာ ကွယ်စောင့်ရှောက်ကြရန် အလေးအနက် လျှောက်ထားမှာကြားတိုက်တွန်း ခဲ့ပါသည်။ မှာကြားတိုက်တွန်းနေရခြင်း အကြောင်းမှာ မိသားစု ၃ ဦးမျှနေ ထိုင်သည့်နေအိမ်တွင် ဘုရားစင်ဆင်း တုတော်ရှေ့၌ ငါးပါးသီလ ခံယူရန်မဆို ထားပါနှင့် မိသားစု ၃ ဦးစလုံး တစ် ကြိမ်တစ်ခါမျှ ပေါက်ဆိန်ပေါက်ပြုမူ၍ ပင် အိမ်ထောင်အများစုသည် ဘုရားရှိခိုးခြင်း မပြုကြတော့ပါ။ မိမိတွေ့ကြုံရသမျှ ယောက်ျား၊ မိန်းမ၊ ကလေး လူကြီးအရွယ်စုံ၊အဆင့်အတန်း စုံတို့အား ဒီမနက် ဘုရားရှိခိုးပြီးခဲ့ရဲ့လား၊ နေ့ ညတစ်ကြိမ် ဘုရားရှိခိုးပါရဲ့လား စသည်ဖြင့် ဘဘကြီးက မေးရုံမျှမဟုတ်ဘဲ ငါးပါးသီလခံ ယူဖို့ အမြဲတိုက် တွန်းလျက်ရှိပါသည်။ သို့သော် လူအ များစုသည် ရတနာသုံးပါးမိဘဆရာ သမားတို့၏ ဂုဏ်ကျေးဇူးကို သတိတရ ပူ ဇော်ကန်တော့ခြင်းမပြုကြတော့ပါ။ ဗုဒ္ဓသာ သနာတော်မြတ်ကြီး ဆုတ်ယုတ် ပျက်ပြား လျက်ရှိချေပြီ။ တဲပုတ်တဲကုတ် လေးမှအစ နေအိမ်တိုက်တာ၊ ခမ်းနား လှသော အဆောက် အအုံများတွင် မီးရောင်တလက်လက်ဖြင့် နတ် စင်များ ကို တွေ့မြင်နိုင်ပါသည်။

မိစ္ဆာအယူဖြစ်သော ဗေဒင်ကိန်းခန်း၊ အ တိတ်နိမိတ်၊ ဂြိုဟ်စီးဂြိုလ်နင်း၊ ရက်ရာဇာ၊ ပြဿဒါး၊ ယတြာကိစ္စများသည် ထေရဝါဒ ဗုဒ္ဓအယူမှန် မဟုတ်သဖြင့် ရဟန်းရှင်လူတို့၏ အသိတရားနှင့် ကြိုးစားအားထုတ်မှု လုံ့လဝိရိ ယတို့ကို ညံ့ဖျင်းပျက်ပြားစေ သောကြောင့် ဤနိုင်ငံနှင့် လူမျိုးတို့ ညံ့ဖျင်းနိမ့်ကျနေသည် မှာ အမှန်ပင်။ ယခုအခါ သတင်းစာဂျာနယ်၊ မဂ္ဂဇင်း၊ စာရွက်စာတမ်း၊ စာစောင်တို့တွင်သာ မက မြ၀တီရုပ်သံကဲ့သို့ ပြည်သူအား မှန်ကန် သော အသိအမြင် ဉာဏ်ပညာ ဗဟုသုတပေး ရန် အဓိကတာဝန်ရှိသော ဌာနကြီးကပင် တစ် ဦးတစ်ယောက်၏ ကံကြမ္မာဟောကိန်းနှင့် ကံကောင်းအောင် ကုသိုလ်ကို အားကိုးရမည့် အစား အကုသိုလ်အကျိုးပေးကို ယတြာဖြင့် တွန်းလှန်ဖို့ အားပေးထုတ်လွှင့်နေသည်။ လူ တစ်ဦး၏ ကုသိုလ်၊ အကုသိုလ် အကျိုးပေး ဖြစ်ပေါ်မှုအား ဗုဒ္ဓကပင် ပါဝင်ဆောင်ရွက်ပေး ခြင်းမပြု နိုင်ပါ။ ဗေဒင်ကိန်းခန်း ယတြာကိစ္စ ပေါင်းစုံကို လွဲမှားစွာနေ့စဉ်ထုတ်လွှင့် လျက်ရှိ သည်။ ဤအမှားအယွင်းသည်သာသနာရေး ဝန်ကြီးဌာနတွင်လည်းကောင်း၊ ယဉ်ကျေးမှုဝန်ကြီးနှင့် ပြန်ကြားရေးဝန်ကြီးတို့တွင်လည်း တာ ဝန်ရှိပါသည်။ မိမိတို့လူမျိုး၏ ခပ်ညံ့ညံ့ စိတ်ဓာတ်ကို ပြုပြင်ပေးကြရမည့်အစား နဂိုကမှ အချောင်စားသောက်ရဖို့မှ တစ်ခြားဘာ မျှ စိတ်ပါဝင်စားမှု မရှိသော မြန်မာအများစုကို ယခုကဲ့သို့ ဒီမိုကရေစီစနစ်ထူထောင်ရန် စိတ် ဓာတ်ထက်သန်နေကြစဉ် မှန်ကန်သည့် အသိအမြင် ပညာဗဟုသုတကို ပြည်သူလူထုသို့ အလေ့အကျင့်ပေးရမည့်အစား ဗေဒင်ယတြာဖြင့်သာ စိတ်ဝင်စားကြစေဖို့ ရုပ်သံမှမှားယွင်းစွာ ထုတ်လွှင့်နေခြင်းသည် ပြည်သူတို့အား ညံ့ဖျင်းသည်ထက် ညံ့ဖျင်းကာ နစ်မွန်းသည်ထက် နစ်မွန်းအောင် ပြုမူရာရောက်နေပေသည်။

ဆောင်းပါး - ဦးလှမြိုင် ( မောင် တက္ကသိုလ် )


Leave a Reply

    " လာ ရောက် လည် ပတ် ကြ သူ ..."
    "ညီ အ ကို မောင် နှ မ အား လုံး... "
    " ကျေး ဇူး တင် ပါ သည် ..."